မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ မင်းဘူး(စကု)မြို့နယ်မှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မင်းဘူး  ဇန်နဝါရီ  ၂

မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျေးလက်ဒေသရှိ အမျိုးသမီးများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့ နာရီက မင်းဘူး(စကု)မြို့နယ် ဖလံရုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပပစိုးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မင်းဘူး ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ မြို့နယ်အမျိုး  သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အဘိုးအဘွား ၁၅ ဦး၊ ကိုယ်ဝန်သည် ၁၀ ဦး၊ မသန်စွမ်း ၈ ဦးတို့အား ထောက်ပံ့‌ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်ပပစိုးက ဖလံရုံကျေးရွာအတွင်းမှ အမျိုးသမီးရေးရာအဖွဲ့ ဝင်များအား ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ကျေးရွာအတွင်းမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်၍ အားပေးစကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)