ရွှေကျင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်(မွမ်းမံ) လေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေကျင် ဇန်နဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊  မီးသတဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်(မွမ်းမံ)လေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတဦးစီးဌာန မီးသတဦးစီးမှူးဦးဇော်ညီညီလွင်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်တိုင်းဟာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သော "မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး" တို့အပြင် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်ဖြစ်သော "ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်" စသည့် အချက် များကို အကျယ်တဝင့် ပြောကြားပေးခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်(မွမ်းမံ)လေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်တိုးနှင့် သင်တန်းသား/သင်တန်းသူ (၅၀)ဦး တို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၄) ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် မီးသတဦးစီးမှူးဦးဇော်ညီညီလွင်၊ မီးသတ်တပ်ကြပ်ကြီး ရဲလင်းအောင်၊ မီးသတ်တပ်ကြပ်ကြီး ဝေယံ၊ မီးသတ်တပ်ကြပ်ကြီး အာကာတို့မှ စာတွေ့ လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)