တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တာမွေ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ သူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်စေရန်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်နိုင်စေရန်၊ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့်လူမှုစီးပွားဘဝတည်ဆောက်နိုင်စေရန်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်စေရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတိစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ( ) ရက်နေ့တွင် ကျရောက်မည့် " (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့" အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာ များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ကျောင်းသား/ သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှာစကားများ၊  လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် လွတ်လပ်ရေးဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ( ) ရက် နေ့တွင် ကျရောက်မည့် " (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ " အထိမ်းအမှတ်ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ ဆက်)