ဒက္ခိဏသီရိ ဇန်နဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ်တွင် ရန်အောင်မြင် သာသနာလင်္ကာရအသင်းမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာနဝမအကြိမ်မြောက် သာမဏေကျော် စာမေးပွဲကို ရန်အောင်မြင်ရွေလက်လှစေတီတော် ပရဝဏ်အတွင်း၌ ဖြေဆို လျှက်ရှိရာ ဒုတိယနေ့ဖြေဆိုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည် ။
နဝမအကြိမ်မြောက် သာမဏေကျော်စာမေးပွဲတွင် မြန်မာနိုင်ငံအနှံ့ပြားမှ စာဖြေ သာမဏေနှင့် သီလရှင် စုစုပေါင်း အပါးတစ်ထောင်ကျော်တို့က ဇန်နဝါရီ (၂)ရက်နေ့မှ (၄)ရက် နေ့အထိ (၃) ရက် ကြာ ဝိနည်း၊ အင်္ဂုတ္တိရ်၊ ဓမ္မပဒ စသည့် တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဝင်ရောက် ဖြေဆိုလျှက်ရှိပြီး စာအောင်လက်မှတ် ဆက်ကပ်ပွဲကို ဇန်နဝါရီ (၁၅) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကာ ဖြေဆိုနေသည့် သာမဏေနှင့် သီလရှင်များအတွက်လည်း အလှူရှင်များက ဆွမ်း၊အချိုရည်၊အဟာရနှင့် အခြားဝေယျာဝစ္စများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)