ရွှေကူမြို့၌ ရေကြီးနှစ်မြှပ်၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်

ရွှေကူ      ဇန်နဝါရီ      ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ၂၀၂၂ မိုးတွင်းကာလ၌ မိုးသည်းထန်  စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေကြီးနှစ်မြှပ် ၍ ပျက်စီးသွားသော စိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်  ၁ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မိုးတွင်း ကာလ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လယ်ယာမြေ (၁၉၇၄ )ဧကခန့် ရေလွမ်းမိုးခဲ့ပြီး (၁၈၄၇ ) ဧက ထိခိုက်မှုရှိခဲ့ကာ လုံးဝ သီးနှံ ပျက်စီးသွားသည့်လယ်မြေဧကအတွက် ယခုကဲ့သို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ယခုထောက် ပံ့ငွေများကို မိမိသက်ဆိုင်ရာ လယ်ယာမြေများတွင် အပြည့်အဝပြန်လည်အသုံးချ၍ မိမိတို့ဒေသ ဆန်စပါး ဖူလုံပို လျှံရုံသာမက ထွက်ရှိလာသည့် ဆန်စပါးများကို ပြည်ပပို့ကုန်အနေဖြင့် တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ထောက် ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁) အုပ်စုမှ တောင်သူ(၇၂၀) ဦးတို့၏ ရေကြီးနှစ်မြှပ်၍ပျက်စီးသွားသော စိုက်ခင်း( ၁၈၄၇ )ဧက တစ်ဧက ၁၀၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၈,၄၇၀,၀၀ဝိ/ ကိုထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာများမှ တောင်သူကိုယ်စား လှယ်များကလက်ခံရယူခဲ့ကြပြီး ပျက်စီးသွားသောလယ်ယာမြေလုပ်ကိုင်သူများကိုယ်စား တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

(မြို့နယ်၊ပြန်/ဆက်)