ငွေဆောင်မြို့ပေါ်ရှိ ဟိုတယ်များ မီးဘေးလုံခြုံစေရေး ဌာနဆိုင်ရာအဖွဲ့မှ လိုက်လံစစ်ဆေး

ငွေဆောင် ဇန်နဝါရီ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဌာနဆိုင်ရာအဖွဲ့မှ မြို့ပေါ်ရှိဟိုတယ်များ မီးဘေးအန္တရာယ် စိတ်ချရစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။         

ထိုသို့လိုက်လံစစ်ဆေးရာတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ လျှပ်စစ်ဦးစီးဌာန ဦးစီးမှူးဦးစောထွန်းဦး၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံနှင့် မီးသတ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ဟိုတယ်အတွင်းရှိ မီးသတ်ဆေးဘူးများအား စစ်ဆေးခြင်း၊ ဂတ်စ်အိုးများ စနစ်တကျ အသုံးပြုမှု ရှိ/မရှိ တို့အား သွားရောက်စစ်ဆေးကာ လိုအပ်သည်တို့ကို မှာကြားကြောင်းသိရသည်။

ထို့နောက် ဟိုတယ်ဝန်းအတွင်း မီးဘေးအန္တရယ် ကင်းရှင်းရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

R – O14( ငွေဆောင်)