၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာ အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

ဥတ္တရသီရိ  ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားကို နံနက် ၄နာရီ၊ မိနစ် ၂၀ အချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်း၊ အလေးပြုခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

 အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)