သတင်းများ

နောင်ချိုမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၃၅၁)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးနိုင်ရေး ငွေများထုတ်ပေး
Jun 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အဆိုပါလူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်ရှိ  အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ် ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြား
Jun 02,2022
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လဲချားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများအား ကြည့်ရှုစစ်ဆေး
Jun 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများ ကြည့်ရှု့စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူများ  ပညာသင်ကြား
Jun 02,2022
“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေး“ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်”ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြားပေးလျက် ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အရှိန်ထိန်းတုံး  ( Slow Down) များ ပြုလုပ်ပေး
Jun 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ပေးပို့သော အရှိန်ထိန်းတုံး(Slow Down) များကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့တွင်း မြို့ဝင်/မြို့ထွက်လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jun 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများ၏ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။