ဆင်ပေါင်ဝဲမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အားကစားနှင့် ကာယပညာရေး ကော်မတီမှကြီးမှူး၍ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင်  မီတာ (၁၀၀)ကျား/မ၊ အားလူးကောက်၊ တစ်ချောင်းထောက်၊ ခြေစုံပူး၊ စကောရွက်၊ ခြင်းခတ်၊ ဘောလီဘော် ပြိုင်ပွဲများကို  ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ရပ်ကွက်သား/သူများ၊ ကျောင်းသား/သူ များနှင့် ဌာနဆိုင်ရာများအား ပျော်ရွှင်စွာ ကစားခဲ့ကြပြီး ဆုရရှိသူများအား တာဝန် ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်သွားကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)