မိုးညိုမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လျှပ်တပြက်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်

မိုးညို    ဇန်နဝါရီ    

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လျှပ်တပြက်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အား/ကာအသင်းအား မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာ က လည်းကောင်း၊ ပထမဆုရရှိသော လောကနတ်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် () ဗိုလ်မှူးရဲထွဋ်အောင် က လည်းကောင်း၊ ဌာနဆိုင်ရာဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရဲတပ်ဖွဲ့အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်ကျော်လွင် က လည်းကောင်း၊ ပထမဆုရရှိသော ပညာရေးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ က လည်းကောင်း၊ လျှပ်တပြက်အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)