တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးအဝပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ကျင်းပ

တနိုင်း   ဇန်နဝါရီ   

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးအဝပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် ()နာရီအချိန် က တနိုင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်တို့က တက်ရောက်အားပေးခဲ့ပြီး ဆုရကလေးများနှင့် စံပြမိခင်ဆုများကိုလည်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ၊ မိခင်များအား မီးဖိုချောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ..က()ကျောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်နေသည့် စာပေဆိုင်ရာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ သွားရောက်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)