၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်္ဃန်းကျွန်းမြို့နယ်တွင် အားကစားပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွင်ပွဲများကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၄

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်္ဃန်းကျွန်း ဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း အားကစားပြိုင်ပွဲများ၊ စျေးရောင်ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲ များကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။     

အဆိုပါပွဲသို့နယ်မြေတာ၀န်ကျ တပ်ရင်း(၃)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးထွန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အားကစားပြိုင်ပွဲဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ် ခဲ့ပါကြောင်းသိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)