သတင်းများ

ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၃၄) ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ
Jan 05,2023
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝှမ်း ပြစ်ဒဏ်ကျခံနေရသူများအား နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ကသာမြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ အနက် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၃၄) ဦးကို ယမန်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဒီဇင်ဘာလအတွင်း ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၅၄) မျိုး၊ အကောင်ရေ (၂၃၀၆၈) ကောင် စာရင်းကောက်ယူနိုင်ခဲ့
Jan 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဒီဇင်ဘာလအတွင်း ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၅၄) မျိုး၊ အကောင်ရေ (၂၃၀၆၈) ကောင် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဗန်မောက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ
Jan 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ မြို့မဘောလုံးကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲးများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဖူ ဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
Jan 04,2023
မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ဘော်လုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသား ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
ရွှေကူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 04,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကိုလွှင့်တင်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ တော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ကံမမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။