မှော်ဘီ ဇန်နဝါရ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပတ်တန်းကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်ဟိန်းတော်ဝင်ကုမ္ပဏီလီမီတက်မှ တာဝန်ယူဆောင်ရွက်သောတလိုင်းကုန်း-ပတ်တန်း-ဘေကြီးကုန်းရွာချင်းဆက်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်ကအဖွင့်အ မှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်မှစီမံကိန်းနှင့်ပတ် သက်၍ရှင်းလင်းပြောကြားပြီး ပတ်တန်းကျေးရွာရပ်မိရပ်ဖ ဦးကျော်ခိုင်က ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ကျေးရွာချင်းဆက်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကိုကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးဝင်းစိုး၊ ဟိန်းတော်ဝင်ကုမ္ပဏီမှ MD ဦးထွန်းဇော်ဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေ ကျပ် (၁၀၆.၇၀၀ သန်း) ဖြင့် ရွာချင်းဆက်ကွန်ကရစ်လမ်းပေ အရှည် (၃၁၀၀)ပအကျယ်(၁၂)ပေ နှင့် ထု(၇)လက်မထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ ဆက်)