ဒဂုံမြောက် ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အဖွဲ့ချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စတင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲများတွင် မြန်မာ့ရိုးရာအသားကျပြိုင်ပွဲ၌ ပထမကိုဇေယျာဝင်း(ရွှေဇင်ယော်)၊ ဒုတိယကိုပြုံးချို(ထိပ်ထား)၊ တတိယကိုအောင်ဆန်းလင်း(မြန်မာပြည်ချမ်းချမ်း)၊ မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲ(အငယ်တန်း)၌ ပထမကိုဇော်မြင့်(ပတ္တမြားမြေ)၊ ဒုတိယကိုချစ်လား(အဓိပတိ)၊ တတိယကိုကျော်ထက်(ထိပ်ထား)၊ မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲအလတ်တန်း၌ ပထမကိုကျော်မင်းကို(ထွန်းတောက်)၊ ဒုတိယကိုချစ်ချစ်နောင်(ထီလာတံခွန်)၊ တတိယကိုဆန္ဒာ(ပဲကြီး)၊ ဒုန်းပြိုင်ပွဲအကြီးတန်း၌ ပထမကိုချစ်လား(ပျံလွှား)၊ ဒုတိယကိုအောင်အောင်စိုး(ရဲရဲတောက်)၊ တတိယကိုမြင့်စိုး(ဓူဝံ)၊ ဒုန်းပြိုင်ပွဲအထူးတန်း၌ ပထမကိုဖြိုးသီဟဇော်(BOND၊ ROLLAR)၊ ဒုတိယကိုနန်းကိုဝင်း(ကစ္စပနဒီ)၊ အေးသီတာထွန်း(owner)၊ တတိယကိုဇင်မင်း(မိုခမ်း)နှင့် Dressage အလှပြိုင်ပွဲတွင် ဦးသန်းနိုင်အောင်၊ တန်းခုန်ပြိုင်ပွဲတွင် ပထမဒေါ်ပိုးအိဖြူ(စိန်ဝင်းနွယ်)၊ ဒုတိယဦးရှင်းခန့်ဝင်း(မန္တလေးနွယ်)၊ တတိယဦးသန်းနိုင်အောင်တို့က ဆုများအသီးသီး ရရှိခဲ့ကြောင်းသတင်းရရှိသည်။
မြင့်မြင့်ရီ