စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

စမ်းချောင်း  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်()နာရီ(၄၀)မိနစ်အချိန်က စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်၊   ပဒုမ္မာအားကစားကွင်းတွင်  ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲအခမ်းအနားတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအသင်းနှင့် မုန့်လုပ်ဆောင်းကုန်း(မြောက်) ရပ်ကွက်အသင်းတို့ယှဉ်ပြိုင်ကြရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအသင်းက  ၆ ဂိုး ၄ ဂိုးဖြင့် ပထမဆုရရှိကြောင်း သိရသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲဆုပေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း  သတင်းရရှိသည်။

နီလာစိုး