စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ နှင့် ဆ

မုံရွာ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဉပဒေချုပ်တို့နှင့်အတူ ယမန်နေ့ နံနက်(၁၁)နာရီက မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် အဖွဲ့သည် အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သော  လွန်ဆွဲပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ မီတာ(၅၀၀)ကျား/မ အပြေးပြိုင်ပွဲ၊ ပူစီ‌‌ပေါင်းဖောက် ကျား/မ ပြိုင်ပွဲ၊ အာလူးကောက် ကျား/မ ပြိုင်ပွဲ၊ အပ်ထိုးပြေးပြိုင်ပွဲ၊ မုန့်စား ကျား/မ ပြိုင်ပွဲ၊ အင်္ကျီဝတ် ပြိုင်ပွဲ၊ အိတ်ဆွတ်ပြေးပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ နှင့် စကောရွက်ပြေးပြိုင်ပွဲ များ ယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး အဆိုပါကျောင်း သလ္လာဝတီ ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပရာ မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက စိန်ရတုလွတ်လပ်ရေးနေ့ သီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က  ကျွန်တော်တို့ အစိုးရဟာ “ ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ” ဆောင်ပုဒ်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ရာမှာ ပညာရေးဌာနအနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နေတယ်ဆိုတာ ကျွန်တော်အနေနဲ့ ယုံကြည်ပါကြောင်း၊ ပညာရေးဌာနအနေဖြင့်လည်း ယနေ့ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးမှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျရာကဏ္ဍက စွမ်းစွမ်းတမံပါဝင် ဆောင်ရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူလေးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဗိုလ်ရှုသဘင်” သီချင်းဖြင့် ကပြဖျော်ဖြေမှုတို့အား တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးပြီး  အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)