မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

မကွေး ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲ ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အဆိုဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများမှ စကာတင်ရွေးချယ်ခံရသူ အဆိုဝါသနာရှင်(၉)ဦးမှ မိမိတို့ကြိုက်နှစ်သက်ရာတေးသီးချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအခြေခံပညာအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ပညာရေးဒီဂရီကောလိပ် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တိုင်းဒေသကြီး ဥပဒေချုပ်တို့က ဆုငွေများနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသ ကြီး တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ်မှ ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တတိယဆုရရှိသော အဆိုဝါသနာရှင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ ဒုတိယဆုရရှိသော အဆိုဝါသနာရှင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ ပထမဆုရရှိသော အဆိုဝါသနာရှင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ရွက်ပုန်းသီးအဆိုရှင်များ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ နှစ်သိမ့်ဆုငွေကျပ်(၂) သိန်း၊ တတိယဆုငွေကျပ်(၅)သိန်း၊ ဒုတိယဆုငွေကျပ်(၇)သိန်းနှင့် ပထမဆုအနေဖြင့် ငွေကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)