လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းကို နံနက် (၄)နာရီ (၂၀) မိနစ်၌ ကျင်းပပြီး သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယ‌မန်နေ့ နေ့နံနက်(၇)နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မြို့တော်ခန်းမရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအားအလေးပြုခြင်းကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက ်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ဖတ်ကြားပြီး  အဆိုပါအခမ်းအနားတွင် Melaka Open Skate Challence 2022 Malaysia (၅)နိုင်ငံ စကိတ်ပြိုင်ပွဲတွင်‌ ရွှေတံဆိပ်ဆု များရရှိခဲ့ကြသောမောင်အင်အားနှင့်မ‌ မေခွန်အားတို့ကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ဆုချီးမြှင့်ခြင်း၊ ဆိုကရေးတီးပြိုင်ပွဲ၊ စန္ဒယားအတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော မအိပို့ပို့ဇော်ကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်သာဇော်က ဆုချီးမြှင့်ခြင်း၊ သစ်သီးဝလံပန်းမန်ပြိုင်ပွဲတွင် ပထမဆုတစ်ဆု၊ ဒုတိယနှစ်ဆု၊ နှစ်သိမ့်ဆုတစ်ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းစိုးကို မြို့နယ်ရဲမှူး ဦးဇော်မင်းအောင်က အသီးသီးဆုချီးမြှင့်သည်။

အခမ်းအနားသို့ မြို့နယ်ဆိုင်ရာတာဝန်ရှိသူနှင့်၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့၀င်များ စုစုပေါင်းအင်အား(၃၀၀)ဦး တက်ရောက်လျက်ရှိသည်။

ခင်၀င်းမူ(ပြန်/ ဆက်)