(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် လာရောက်ကြည့်ရှုသူ များပြား

ထားဝယ်  ဇန်နဝါရီ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများဖြင့်လာရောက် ကြည့်ရှုသူများပြားလျက်ရှိသည်။

၂၀၂၃-ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းတွင်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်း ကျင်းပြသထားလျက်ရှိရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတို့က စိတ်ပါဝင်စားစွာလာရောက် ကြည့် ရှုအားပေးကြသည်။

ပြခန်းများအတွင်း၌ ခင်းကျင်းပြသထားသော နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုပြကွက်များ၊ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုပြကွက်များနှင့် မှတ် တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)