ဒဂုံအရှေ့ ဇန်နဝါရီ ၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နိုင်ငံတော်၏အထိမ်းအမှတ်နေ့တွင် အများပြည်သူများကြား အားကစားနည်းများပါဝင်ဆင်နွဲ၍ အားကစားအသိပညာများရရှိရန်၊ လူထုအကြားစည်းလုံညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပူးပေါင်းကာ ယနေ့နံနက်၉နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သော အမှတ်(၁၂၄)၊ (၁၃၄)၊ (၁၅၆)၊ အမှတ်(၇)၊ အမှတ်(၁၁)ရပ်ကွက်များအပါအဝင် ရပ်ကွက်၊ ကျေးရွာများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါရပ်ကွက်များရှိ အားကစားပြိုင်ပွဲများတွင် အပြေးပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဖားခုန်၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်၊ အပ်နဖားထိုး၊ ခေါင်းအုန်းရိုက်၊ ထုပ်ဆီးတိုး၊ စကောရွက်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲနှင့် မုန့်စားပြိုင်ပွဲအစရှိသည့် အားကစားအမျိုးအစားများ ပါ၀င်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက အားပေးကြည့်ရူကာ လိုအပ်သည်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ၎င်းအားကစားပြိုင်ပွဲများ ဆုရရှိသူများနှင့်နည်းပြများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂)နှင့်တာ၀န်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ ဆက်)