ဒိုက်ဦး ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒိုက်ဦးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇)နာရီကမြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ရပ်မိရပ်ဖများကကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများဖြစ်သည့် အိတ်စွပ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်၊ စာအုပ်ရွက်ပြိုင်ပွဲများကို ဒိုက်ဦးမြို့ပေါ်ရှိပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး အားကစားပြိုင်ပွဲများအား ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)