ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်​ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ

​ရွှေဘို ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှု​ကော်မတီနှင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ​ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်က အ.ထ.က(၂) အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အ​ပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူ​ပေါင်း​ဖောက်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊​ ထွေအုပ်/ပညာ​ရေးဌာနတို့၏​ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အားကစားမှူးက ပြိုင်ပွဲစည်းကမ်းများကို ​ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား၊ ခရိုင်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိူးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာ​ရေးမှူးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်နိုင်နိုင်ဝင်း၊​ ခရိုင်/မြို့နယ်အမျိုးသမီး​ရေးရာဥက္ကဋ္ဌများ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက ဆုများအသီးသီး ​ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်