မိုးညှင်းဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အကျဉ်းသူ (၄၈)ဦး လွတ်မြောက်

မိုးညှင်း ဇန်နဝါရီ  

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကျဉ်းဦးစီးဌာန မိုးညှင်းဗဟိုအကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အကျဉ်းသား အကျဉ်းသူ (၄၈)ဦး လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်ပေးရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြန်လည်လွတ်ပေးရာတွင် မိုးညှင်းဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား(၄၂)ဦး၊ အကျဉ်းသူ(၆)ဦး စုစုပေါင်း (၄၈)ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ မိုးညှင်း ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်နှင့် တာဝန်ရှိသူများက  ဆုံးမဩဝါဒ စကားများပြောကြားခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခြင်း၊ ထောင်လွတ်လက်မှတ်နှင့် ခရီးစရိတ် စားစရိတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း