ငပုတောမြိူ့၌ (၇၅)နှစ်​မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား  ဆုများ​  ချီမြှင့်​ပေးအပ်

ငပုတော ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပမ္မဝတီ ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး  ​ဒေါ်နီလာထွန်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရကျော်၊ အဖွဲဝင် (၂) ဦးသန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ပွဲစဥ် (၂၀)ဗိုလ်လုပွဲ အဖြစ် Ngaputaw City အသင်းနှင့် ရွှေကျွန်း အသင်းတို့ယှဥ်ပြိုင်ကစားကြရာ Ngaputaw City အသင်းက ရွှေကျွန်း အသင်းကို (၆ )ဂိုး (၅) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆုရရှိသည့် အသင်း၊  ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုများ အသီးသီး ​ပေးအပ်ချီးမြှင့်ခဲ့သည်။

ငပုတောမြို့​ပေါ်ရှိ ရပ်ကွက် အသီးသီးတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝိုင်းခြင်းခတ်ပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများ ပြုလုပ်လျက်ရှိသည်၊ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင်လည်း ကလေးငယ်များအား အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်​ပေးလျှက်ရှိရာ အဆိုပါ ပြိုင်ပွဲများ ကျင်းပရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် တာဝန်ရှိသူများကလှည့်လည် ကြည့်ရှု့အားပေးကြပြီး  အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် က​လေးငယ်များအား ဆုများ ချီးမြှင့်​ပေးခဲ့သည်။ ငပုတောမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရုံးတွင်လည်း (၇၅) နှစ်မြောက်

 စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ ကျင်းပခဲ့ရာ ဆုရရှိသူများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဆုများ​ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)