(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား ကိုကိုးကျွန်း၌ကျင်းပ  

ကိုကိုးကျွန်း ဇန်နဝါရီ  

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမပိုင်းအစီအစဉ်အရ နိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကို မြို့နယ်အထွထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ အလံတိုင်ကွင်းအတွင်း မြန်မာနိုင်ငံရဲဂုဏ်ပြုတပ်ဖွဲ့မှဦးစီး၍ နံနက်(၄:၂၀)နာရီအချိန်တွင် နိုင်ငံတော်အလံတင်ခြင်းအခမ်းအနားပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲကို မြိုနယ်ခန်းမတွင် နံနက်(၇:၀၀)နာရီအချိန်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းမင်းမှသဝဏ်လွှာဖတ်ကြားခဲ့ကြောင်းသိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ လူမူရေးအဖွဲ့အစည်းများတက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)