သရက်ချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်းထားမှုကို ကြည့်ရှုလေ့လာ

သရက်ချောင်း ဇန်နဝါရီလ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်းထားမှုကို ယနေ့နံနက်၁၀နာရီက သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဌာနအလိုက် ခင်းကျင်းပြသထားသော ပြခန်းများသို့ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများလာရောက်၍ လေ့လာကြရာ ဌာနအသီးသီးမှ ဝန်ထမ်းများက မိမိဌာနအလိုက် ခင်းကျင်းပြသထားမှုများကို ဗဟုသုတရရှိစေရန် ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)