မဟာအောင်မြေ ဇန်နဝါရီ ၅
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်ကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်းအားကွင်ဆင်း၍ အကြို စမ်းသပ်ကောက်ခဲ့ရာ ကွင်းဆင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃) ဦးမောင်မောင်ကြိုင်၊ ရဲမှူးကျော်မြဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွှန့်ဝင်းအောင်၊ မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ခေါင်းဆောင်၊ ဒုအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၅၀)ဦးခန့်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူနေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညွှန်ကြားခဲ့သည်။
ထို့နောက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခဲ့ရာ အိမ်ထောင်စု(၄၂)စု၊ ကျား(၁၁၀)ဦး၊ မ(၁၁၅)ဦး၊ မသန်စွမ်း ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်းလူဦးရေ(၁၂၇)ဦး ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း