ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလီဘောနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲပြိုင်ပွဲဗိုလ်လုပွဲများကျင်းပပြီး ဆုများချီးမြှင့်

ပေါက်ခေါင်း      ဇန်နဝါရီ    ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် အားကစားခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျေးရွာပေါင်းစုံဘောလီ‌ဘောပြိုင်ပွဲနှင့်ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲစဥ်များ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘောလီဘော ဗိုလ်လုပွဲစဉ်အဖြစ် မြောက်မကွေကျေးရွာအင်းနှင့် မြို့တောင်ကျေးရွာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြောက်မကွေအသင်းကအနိုင်ရရှိကာ ပထမဆုရရှိပြီး ပိုက်ကျော်ခြင်းဗိုလ်လုပွဲစဉ်တွင် ထွေ/အုပ်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနယှဉ်ပြိုင်ကစားရာ မီးသတ်ဦးစီးဌာနက အနိုင်ရရှိကာပထမဆုရရှိခဲ့သည်ဆက်လက်၍ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ  ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော မြောက်မကွေကျေးရွာအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော မြို့တောင်ကျေးရွာအသင်းနှင့် တတိယဆုရရှိသောအရှေ့မကွေးအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးယုနောင်နှင့်ရဲမှူးကိုကိုနိုင်တို့ကလည်းကောင်း၊ ဌာနဆိုင်ရာပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသောမီးသတ်ဦးစီးဌာနအသင်းအား မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲမင်းသန်းကလည်းကောင်း၊ ဒုတိယနှင့်တတိယဆုရရှိသော အသင်းများအား ဌာဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)