(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်တန်းမြို့နယ် မြို့နယ်သံဃနာယက ရုံးဖွင့်ပွဲအခမ်းအနားနှင့် ရွှေမှော်သာသမာ့ဗိမာန်အကြီးစား ပြန်လည်မွမ်းမံမှုအောင်မြင်ပြီးစီးခြင်း အခမ်းအနားကျင်းပ

ကျောက်တန်း   ဇန်နဝါရီ   ၅

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်သံဃနာယကရုံးသစ်ဖွင့်ပွဲနှင့် ရွှေမှော်ဝန်းသာသနာ့ဗိမာန် အကြီးစားပြုပြင်မှုအောင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်သံဃနာယကရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ကမာဆွဲဆရာတော် ဘဒ္ဒန္တဝါသေဌ၊ အဓိဌာန်အောင်ဆရာတော်ဘဒ္ဒန္တသုမန၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အလှူရှင်ဦးလှဝင်းတို့မှ ကျောက်တန်းမြို့နယ် သံဃနာယကရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဆက်လက်၍အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင်မင်းကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသမှ ကျောက်တန်းမြို့နယ် သံဃနာယကရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက်ရေစက်ချပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယ ကန်ပြောင်အရှေ့ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူခဲ့ကြပြီး နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင်မင်းကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ရေစက်ချတရားနာယူခဲ့ပြီး ရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)