မိတ္ထီလာ ဇန်နဝါရီ ၅
မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါ တက္ကသိုလ်အားကစားခန်းမနှင့် တက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများတွင် မီနီမာရသွန်၊ ဂိုးကျဉ်းဘောလုံးပြိုင်ပွဲ၊ ထုပ်စည်းထိုး ပြိုင်ပွဲ၊နှစ်ယောက်တွဲ ခုံသယ်ထပ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ ၊ အပ်ချည်ထိုးပြိုင်ပွဲ ၊ ပုံးရိုက်ပြိုင်ပွဲ ၊ အင်္ကျီဝတ် အပြေးပြိုင်ပွဲ ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ကြိုးချည်ပြေးပြိုင်ပွဲများ ပါဝင်ပြီး ဘာသာရပ်ပေါင်းစုံမှ ဆရာဆရာမများ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများနှင့် ကျောင်းဝန်ထမ်းမိသားစုဝင်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ