ညောင်ဦး ဇန်နဝါရီ ၅
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်စခန်း၊ ပုဂံ၊ တောင်ဇင်း၊ ငါ့သရောက်၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းများ၊ အမှတ်(၁)၊ အမှတ်(၄)၊အမှတ်(၅)ရပ်ကွက် အရန်မီးသတ်နှင့် ကရုဏာရှင်လူမှုရေး အသင်းတို့ဖြင့် မြို့နယ် သန္ဓေ/အရန်နှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ပိုက်ကျော်ခြင်းဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားလာခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုရရှိသည့် ပိုက်ကျော်ခြင်းအသင်းများ ဂုဏ်ပြုဆုပေးပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပထမဆုရ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ (က)အသင်းက ပထမ၊ မြို့နယ် မီးသတ်(ခ) အသင်းက ဒုတိယ၊ အမှတ်(၁) အရန်မီးသတ်တပ်ဖွဲ့အသင်းက တတိယရရှိခဲ့ကြောင်း၊ ဆုရပိုက်ကျော်ခြင်း အသင်းသားများအား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူမှ ပထမရရှိခဲ့သည့် အသင်းအား ဆုဒိုင်းနှင့် ရွှေဆွဲပြားများ၊ ဆုကြေးငွေ ငါးသောင်းကျပ်၊ ဒုတိယရရှိသည့် အသင်းအား ဒိုင်းဆုနှင့် ငွေတံဆိပ်ဆွဲပြားများ၊ ဆုကြေးငွေ သုံးသောင်းကျပ်၊ တတိယရအသင်းအား ဒိုင်းဆုနှင့် ကြေးတံဆပ်၊ ဆုကြေးငွေ နှစ်သောင်းကျပ်တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ