လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံး၀င်းအတွင်းရှိ မြို့နယ်ခန်းမတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉:၃၀နာရီအချိန်တွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လ၀ကဦးစီးမှူး ဦးကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့၏ လုပ်ငန်းတာ၀န်များ၊ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းအဆင့်ဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ကြုံတွေ့ရမည့်အခြေအနေများ စသည့်ဘာသာရပ်များကို သင်တန်းသား/ သူ (၂၂၉) ဦးဖြင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး၀င်းနိုင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးထွန်းထွန်း၀င်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးတင်အောင်ဖြိုး၊ မြို့နယ်လ၀က ဦးစီးမှူးဦးကိုကို၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)