မူဆယ်မြို့တွင် မွေးကင်းစမှအသက်(၅)နှစ်အထိ ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေးထိုးနှံပေး

မူဆယ် ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီထွားလာစေရန်မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ် ဆေးထိုးနှံခြင်းကို မူဆယ်မြို့ ပြည်သူ့ဆေးရုံးကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်များအား ဆေးမထိုးနှံမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် သီတင်းပတ်တစ်ပတ်၏ တနင်္လာနေ့နှင့် အင်္ဂါနေ့ကို ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးပြီ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များကို ကလေးသူငယ်များအား ကာကွယ်ဆေးထိုး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။

ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းကို ၂၀၂၁ ခုနစ်၊ ဇန်နဝါရီလမှ စတင်ထိုးနှံပေးခဲ့ပြီး  ကလေးသူငယ်များတွင် အဖြစ်များသော ဆုံဆို့ရောဂါ၊ ကြက်ညှာရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါရောဂါနှင့် ဦးနှောက်အမြှေး‌ရောင်ရောဂါတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကလေးငယ်များအား ကျန်မားသန်စွမ်းသော ကလေးငယ်များ ဖြစ်လာစေရန်နှင့်  ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍  ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)