တကောင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်နှင့် အခြေခံပညာဦးစီးဌာနမှ လက်ထောက်မူပြ ဆရာမ ဒေါ်မိုးသက်ခင်ခင်တို့က လွတ်လပ်ရေး၏ အဓိပ္ပာယ်နှင့် အနှစ်သာရများ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံများနှင့် လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်းခဲ့ရမှု သမိုင်းကြောင်းများ အစရှိသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြသည်။
တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် အများပြည်သူများအား ပြင်ပဗဟုသုတများ ရရှိစေရန်၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်တက်ကြွနိုးကြားလာစေရန်နှင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ သတိရစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)