မဘိမ်း ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိဌာနဝန်ထမ်းများအား မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းဝယ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေးကြီးကြပ်ဆောင်ရွက်ကြရန်၊ မြို့နယ်တွင်းတည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန်၊ နယ်မြေကွင်းဆင်းဆောင်ရွက်ရာတွင် လုံခြုံရေးအထူးဂရု ပြုဆောင်ရွက်သွားကြရန်၊ ဒေသထွက်ကုန်ပစ္စည်းများ စိစစ်ကြီးကြပ်နိုင်ရေးဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုနှင့်စစ်ကြောင်းကြီးငါးကြောင်း တွေ့ဆုံဆွေးနွေးရာတွင် ဌာနဆိုင်ရာအကြီးအကဲကိုယ်တိုင် လိုက်ပါဆောင်ရွက်ကြရန်ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်ချက်များနှင့် အခက်အခဲများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)