မိုးကောင်း ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ) ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်- အသည်းရောင်အသားဝါ (ဘီ) -ဦးနောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင်ကာကွယ်ဆေး များကို မွေးစမှ (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ဇန်နဝါရီ (၅) ရက်မှ (၇) ရက်အတွင်း နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီထိတစ်ကြိမ်၊ နေ့လယ် (၁) နာရီမှ (၃) နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ (၁၀) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)