ရပ်စောက် ဇန်နဝါရီ ၆
ရှမ်းပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်တွင် Clean and Green School အဖြစ် အဆိုပြုထားသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)သို့ ယနေ့နံနက် ၁၀ နာရီက မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီး ကော်မတီအတွင်းရေးမှူး ဦးသိန်းဌေးမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၂− ၂၀၂၃ ပညာသင်နှစ်အတွင်း Clean and Green School Award ဆု စိစစ်ရွေးချယ်ရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အခြေခံပညာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ အရာထမ်းများက Clean and Green School များ၏ အညွှန်းကိန်း(၁၇)ချက်ပါ လုပ်ငန်းစဉ်များလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအပေါ် ရှင်းလင်းဆွေးနွေးခြင်းနှင့် လမ်းညွှန် မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီအတွင်းရေးမှူး ဦးသိန်းဌေးမှ အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများ လက်စွဲ Level (l to V & Summary)၊ ကမ္ဘာမြေကို ထိန်းသိမ်းခြင်း(ရုပ်ပြကာတွန်း)နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာပညာပေးစာအုပ် (ဝန်ထမ်းလက်စွဲ)စာအုပ်များအား မေတ္တာလက်ဆောင် ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)