၂၀၂၂-  ၂၀၂၃ ပညာသင်နှစ် အလွတ်တန်းအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အလွတ်တန်း၊ အလယ်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အမှတ်(၅)  မြို့မအထက်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်တွင် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း ပညာသင်ကြားနေသည့် Grade-8 ကျောင်းသား၊ ကျောင်းသူ (၅) ဦး၊ Grade-7 ကျောင်းသား၊ကျောင်းသူ (၅)ဦး၊ စုစုပေါင်း (၁၀)ဦးတို့မှ မိမိနှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပါယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက အမှတ်ပေး စည်းမျဉ်းနှင့်အညီ အကဲဖြတ် အမှတ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား အမှတ်(၅) မြို့မအထက်ကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)