ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပျဉ်းမနား ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ မောင်မင်းစိုးရေးသားသော "လူငယ်နှင့် ပရဟိတ” စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)နှင့် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ မောင်မင်းစိုးရေးသားသော "လူငယ်နှင့် ပရဟိတ” စာအုပ်မှ လူငယ်နှင့် မြင့်မြတ်နှလုံးသား၊ လူငယ်နှင့် အသိစိတ်ဓာတ်၊ လူငယ်နှင့် လူမှုရေး၊ လူငယ်နှင့် တာဝန် စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)