(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားဒုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရမည်းသင်း ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာ၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားဒုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နွားဒုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ကျင်းပရာ ဗိုလ်လုပွဲတွင် ညောင်အိုင်ကျေးရွာနွားချဉ်းနှင်ဆည်ကြီးကျေးရွာနွားချဉ်းတို့ ယှဉ်ပြိုင်ကြရာ ညောင်အိုင်ကျေးရွာနွားချဉ်းက နှစ်လားပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ပထမဆုရရှိသည့် ညောင်အိုင်ကျေးရွာ နွားချဉ်းအားဆုငွေ (၈)သိန်းကျပ်ကို လည်းကောင်း၊ ခရိုင်လဝက ဦးစီးမှူးဦးစိုးမြင့်က ဒုတိဆုရရှိရသည့် ဆည်ကြီးကျေးရွာ နွားချဉ်းဆုငွေ (၅)သိန်းကျပ်ကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးတို့က တတိယဆုနှင့် နှစ်သိမ့်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများက နွားအလှစီးပြိုင်ပွဲ ပထမဆုရ ဆည်ကြီးကျေးရွာ ဦးသိန်းတန်၊ ဒုတိယဆုရ ညောင်အိုင်ကျေးရွာ ဦးအောင်မြင့်၊ နွားကျောစီးပြိုင်ပွဲ၌ ညောင်အိုင်ကျေးရွာ တောသားနှင့် ဒုတိယဆုရ ခံဘူးကျေးရွာ လှလေးတိူ့ကိုဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

အဆိုပါ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားဒုံးပြိုင်ပွဲတွင် ပြိုင်ဝင်နွာချဉ်း(၃၂)ချဉ်း၊ နွားအလှစီး ၁၀ ချဉ်းနှင့် နွားကျောစီး ၆ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)