ချမ်းမြသာစည်မြို့နယ်၊ မြေပြင်ကွင်းဆင်း‌စာရင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၆

‌မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်လူ၀န်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနနှင့် ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမမှာ ယနေ့ နံနက် ၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အတွင်း လူဦးရေ စာရင်းမြေပြင်ကွင်းဆင်း‌စာရင်းကောက်ယူခြင်း လုပ်ငန်းရည်ရွယ်ချက်များ၊ မြေပြင်ကွင်းဆင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းစဉ်များ၊‌‌ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် လုပ်ဆောင်ကြမည့် နည်းလမ်းများနှင့် ပြည်သူများ သိသင့်သိထိုက်သည်များကို သိရှိနိုင်စေရန် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

‌Talk Show ဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်‌‌ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

‌ခင်စိမ်း၀င်း(ပြန်/ဆက်)