စေတုတ္တရာမြို့ အထကအခြေခံပညာအထက်တန်းကျောင်းတွင်  ပညာရေးစုံညီပွဲတော်ကျင်းပ

စေတုတ္တရာ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အထက အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမတွင် ယနေ့နံနက်၈နနာရီအချိန်က ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာ စကား ပြောကြားပြီး၊  မြို့နယ်ဒုတိယပညာရေးမှူး ဦးမင်းဇော်နှင့် အထကကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်တို့က စုံညီပွဲတော်ကျင်းပရခြင်းတို့အား အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့ပါသည်။

စေတုတ္တရာမြို့နယ်တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပညာသင်နှစ်တွင် ပညာရည်ထူးချွန်ဆုရရှိခဲ့ကြသည့် ထက်လယ်မူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းမင်းဇင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးတင်မိုးညွန့်နှင့် အထက စေတုတ္တရာမှ ဆရာ/ ဆရာမများက ဆုများအသီးသီး ချီမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အထက စေတုတ္တရာကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရပါသည်။

တင်မိုးညွန့်(ပြန်/ဆက်)