သတင်းများ

ကလောမြို့နယ် KG တန်းမှ Grade (5) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် KG တန်းမှစ၍ Grade (5)ကျောင်းသား/သူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Covid Shield ကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ယနေ့တွင်စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူများအေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းလာရောက်အပ်နှံသူ (၆၆၀၀)ကျော်ရှိ
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုသတင်းပတ် အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ခဲ့ရာ ကျောင်းအပ်နှံမှုလက်ခံခြင်းများ ကိုဆောင်ရွက်ခဲ့ရာတွင် ကျောင်းအပ်စတင်လက်ခံသည့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိသတင်းပတ်အတွင်း ရွှေကူမြို့နယ်အတွင်းရှိ ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/ ကျောင်းသူ (၆၆၅၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဇီးကုန်းမြို့နယ်၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ထိုးနှံပေး
Jun 02,2022
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့်
သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Jun 02,2022
သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇွန်(၂)ရက်၊ နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအားယနေ့နံနက်(၉)နာရီအချိန်က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မိုးညှင်းမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၂၀၉)ရှိသည့်အနက် ကျောင်းပေါင်း(၂၀၁)ကျောင်း ထိဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိ
Jun 02,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၌ ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၉)ကျောင်းရှိသည့်အနက် (၂၀၁)ကျောင်း ထိဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။