မိုးညှင်း ဇွန် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၌ ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၉)ကျောင်းရှိသည့်အနက် (၂၀၁)ကျောင်း ထိဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအတွက် ပညာသင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း (၂၀၉)ကျောင်းရှိသည့်အနက် အထက ၂၀ကျောင်း၊ အထက(ခွဲ) ၁၀ကျောင်း၊ အလက ရှစ်ကျောင်း၊ အလက(ခွဲ) ၂၀ကျောင်း၊ မူလွန် ၁၉ကျောင်း၊ အမက ၁၁၅ကျောင်း၊ အမက(ခွဲ) ငါးကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၂၀၁)ကျောင်းတို့မှ ကျောင်းသားကျောင်းသူစုစုပေါင်း(၂၄၄၁၄)ဦး အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)