ကလော ဇွန် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် KG တန်းမှစ၍ Grade (5)ကျောင်းသား/သူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Covid Shield ကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် အဖွဲ့ဝင်များကြည့်ရှူ့အားပေးခဲ့သည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)ရှိ KG တန်းမှ Grade 5 ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဌာနမှ ဝန်ထမ်းများကကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဝင်း(ကလော)