ရွှေကူမြို့နယ်အတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းလာရောက်အပ်နှံသူ (၆၆၀၀)ကျော်ရှိ

ရွှေကူ         ဇွန်       ၂        

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ၌  ကျောင်းအပ်နှံမှုသတင်းပတ် အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ  သတ်မှတ်ခဲ့ရာ ကျောင်းအပ်နှံမှုလက်ခံခြင်းများ ကိုဆောင်ရွက်ခဲ့ရာတွင် ကျောင်းအပ်စတင်လက်ခံသည့်  မေလ  ၂၆  ရက်နေ့မှ ဇွန်လ  ၁  ရက်နေ့ အထိသတင်းပတ်အတွင်း ရွှေကူမြို့နယ်အတွင်းရှိ ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/ ကျောင်းသူ (၆၆၅၁) ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ အထက်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ် တန်းကျောင်းခွဲ (၅)ကျောင်း၊  မူလတန်းလွန်ကျောင်း(၄)ကျောင်း၊  မူလတန်းကျောင်း(၁၃)ကျောင်း၊ စုစုပေါင်း (၃၂)ကျောင်းတို့တွင် ကျောင်းအပ်နှံမှုလက်ခံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရွှေကူမြို့ နယ်အတွင်းရှိ  အခြေခံပညာကျောင်း(၃၂)ကျောင်း၌ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်း သား/ကျောင်းသူများအား  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို ပညာ ရေးဝန်ကြီး ဌာနမှ  အခမဲ့ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်း သား/ကျောင်းသူ( ၆၆၃ )ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ( ၁၈၅၆ )ဦး၊ မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူ( ၄၁၃၂ )ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ( ၆၆၅၁ )ဦးထိရှိပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခင်ပပသိန်း(ပြန်/ဆက်)