ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ပလောက် ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့  အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ်ဦးစီးဌာန ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အခြားဌာနဆိုင်ရာများ လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား/သူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား မိဘအုပ်ထိန်းသူ များ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက်(၅)နှစ်မှ (၁၂)နှစ် အထိ ကျောင်းသား(၁၁၈)ဦးနှင့် ကျောင်းသူ(၁၃၂)ဦး စုစုပေါင်း (၂၅၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များရှိ အထက၊ အလက(ခွဲ)၊ မူလွန်နှင့် အမက ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ အရွယ် ကျောင်းသား/သူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို (၂-၆-၂၀၂၂) ရက်နေ့မှ (၂၄-၆-၂၀၂၂) ရက်နေ့ အထိထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပလောက်မြို့ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီထံမှ သိရသည်။

ပြည့်ဖြိုးကျော် (ပလောက် ပြန်/ဆက်)