ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
Jun 02,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၆ ရက်နေ့မှ စတင်၍ဇွန် (၁) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းတင့်တယ် သာယာလှပရေးတို့အတွက် ယနေ့ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။