ဘားအံမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
အခြေခံပညာကျောင်းများကို ယမန်နေ့မှ၍ တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းသို့လာရောက်၍ ပညာသင်ကြားလျက်ရှိသည်ကို မြင်တွေ့ရသည်။